DVB Logo
Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ် စရိတ် တပြေးညီဖြစ်ရန် စီစဉ်ပေးမည်
DVB
·
January 6, 2014
နိုင်ငံကူးလက်မှတ် စရိတ် တပြေးညီဖြစ်ရန် စီစဉ်ပေးမည်
Donate to DVB

နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးခွဲကနေ နိုင်ငံကူးလက်မှတ် လျှောက်ရင် ကုန်ကျစရိတ် ညီတူဖြစ်အောင် စီစဉ်ပေးသွားမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆိုပါတယ်။

လားရှိုး၊ ကျိုင်းတုံနဲ့ နေပြည်တော်နယ်မြေ အပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ ၁၇ ခုကို ဇန်န၀ါရီ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

passportယခင်က ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာသာ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားနိုင်ရာကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နေထိုင်သူတွေ အဆင်ပြေချာမွေ့ စေရန် ရုံးခွဲတွေကို ဖွင့်လှစ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေတဲ့ ရုံးခွဲတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမှု ကုန်ကျစရိတ်က မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်တန်ဖိုး) နဲ့ အွန်လိုင်းဝန်ဆောင်ခ ကျပ် ၂ သောင်း၊ ဓာတ်ပုံဖိုး ၂ ထောင် ကျပ်၊ ဆေးဖိုး၊ မင်ဖိုးနဲ့ ပြုပြင် ထိန်းသိမ်းခ ကျပ် ၁ ထောင်၊ လျှောက်လွှာပုံစံဖိုး ကျပ် ၂၀၀၊ စက်ပစ္စည်းနဲ့ ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ လျှောက်ထားသူတွေထက် စက်ပစ္စည်းနဲ့ ၀န်ဆောင်ခက အပို ထပ်စောင်းပေးဆောင်ရတာဖြစ်လို့ ၁၈၀၀ ကျပ် ပိုမိုကုန်ကျနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ဌာနခွဲမှူး ဒုတိယရဲမှူး ကျော်ဇေယျက “နယ်က ရုံးခွဲတွေကနေ လျှောက်ထားလိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေက ဘယ်နယ်က လျှောက်လျှောက် ရန်ကုန်နဲ့ မန္တလေးက ရုံးချုပ်တွေကို လာပေးရတယ်။ ဒါကြောင့် စက်ပစ္စည်းနဲ့ ၀န်ဆောင်ခ ထပ်ယူတာပါ။ အရင်တုန်းကတော့ ၂၃၂၀၀ ပဲ။ ဒါပေမယ့် ကုန်ကျစရိတ်က နှစ်သောင်းခွဲ ဆိုပြီး တနိုင်ငံလုံးတပြေးညီ ဖြစ်သွားရင်လည်း ဖြစ်သွားမယ်၊ မဆုံးဖြတ်ရသေးဘူး” လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးကနေ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဟာ လျှောက်ထားပြီးချိန်မှစပြီး ၃ ပတ်အတွင်း နိုင်ငံကူးလက်မှတ်ကို ထုတ်ယူနိုင်မှာပါ။ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေပေမယ့် နေပြည်တော်မှာတော့ ရုံးခွဲဖွင့်လှစ်ပြီး ၂ ရက်အတွင်းမှာပဲ လာရောက်လျှောက်ထားသူ မရှိသေးဘူးလို့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါတယ်။

ထိုင်းနိုင်ငံမှာ အဲကွန်းပြင်ဆင်တဲ့အလုပ်ကို လုပ်ကိုင်ဖူးတဲ့ မကွေးမြို့ခံ ဦးမောင်မောင်လတ်က “ရန်ကုန်က စရိတ်စက ကြီးတယ်လေ။ တခါလာရင် ပက်စပို့စ်ဖိုးထက် သွားလာစရိတ်နဲ့ စားသောက်စရိတ်က ပိုများတယ်။ ခုလို လုပ်ပေးတော့ ကျနော်လည်း နောက်တခါ ထွက်ရင် အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

၂၀၁၃ ကုန်တဲ့အထိ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေရုံးမှာ လာရောက် လျှောက်ထားသူပေါင်း ၃ သိန်း ၆ သောင်းကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013