Thursday, June 8, 2023
HomeLead Storyမုံရွာနှင့် ရွှေဘိုတွင် လူနေအိမ်များကို စစ်ကောင်စီတပ်က လိုက်လံသိမ်းယူနေ

မုံရွာနှင့် ရွှေဘိုတွင် လူနေအိမ်များကို စစ်ကောင်စီတပ်က လိုက်လံသိမ်းယူနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ စက်မှုဇုန် ၂၉ လမ်းရှိ လူနေအိမ်နှစ်လုံးကို အောက်တိုဘာ ၂၉  ရက်နေ့က စစ်ကောင်စီတပ်သားတွေ လာရောက်ကာ ဗီနိုင်းချိတ်ဆွဲပြီး   နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူလိုက်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်သူကို ယာယီပုန်းအောင်း နေထိုင်ခွင့်ပေးတယ်လို့ စွပ်စွဲပြီး အဆိုပါ နေအိမ်၂ လုံးကို  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“တကယ်အကြမ်းဖက်မှုလုပ်နေတာ လက်ရှိ စစ်ကောင်စီက လုပ်နေတာ။ ဒါကို ပြည်သူတွေကို အကြမ်းဖက်တယ်ဆိုပြီး အဓိပ္ပာယ်မဲ့ စွပ်စွဲ။ နေအိမ်တွေကို သိမ်းနေတာပါ” လို့ မုံရွာမြို့ခံ တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့မှာလည်း ဟိုတယ် ၂ လုံးနဲ့ လူနေအိမ်တွေကို  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက လိုက်လံဗီနိုင်းချိတ်ဆွဲတာတွေ လုပ်ခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular