သြစတြေးလျနိုင်ငံက ရေကူးချန်ပီယံ ခိုင်းလ်ချားမာစ်ဟာ အောက်တိုဘာ ၂၉ ရက်က ရုရှားနိုင်ငံ ကစ်ဇန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့ပြီး ချန်ပီယံဆုကိုလည်း ရရှိခဲ့ပါတယ်။
အမျိုးသား မီတာ ၁၀၀ freestyle ရေကူးပြိုင်ပွဲမှာ သူက ၄၄ ဒသမ ၈၄ စက္ကန့်နဲ့ ပန်းဝင်ခဲ့လို့ ၂၀၀၈ ပြင်သစ် ရေကူးချန်ပီယံ အာမရီလက်ဗိုရဲ့ ၄၄ ဒသမ ၉၄ စက္ကန့် စံချိန်ကို ချိုးနိုင်လိုက်တာ ဖြစ်ပါတယ်။
ချားမာစ်ဟာ ၂၀၁၆ အိုလံပစ်တုန်းကလည်း မီတာ ၁၀၀ အမျိုးသား freestyle ရေကူးပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒီနှစ် တိုကျို အိုလံပစ်မှာတော့ အမေရိကန် ရေကူးချန်ပီယံ ဆလက်ဒရက်ဆိုးလ်က ရွှေတံဆိပ်ရရှိခဲ့ပြီး ချားမာစ်က ငွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အခု ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲတော့ ချားမာစ်က ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဒုတိယနေရာကိုတော့ ရုရှားရေကူးချန်ပီယံ ဘလာဒီမာမိုရိုဇစ် က ရရှိခဲ့ပါတယ်။