Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ တပ်သား ၅ ဦးခန့်သေဆုံး
DVB
·
October 28, 2021
249091019_104845045335254_3998017914669390083_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်မနက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြိုင်PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဆင်စွယ်ရွာမှာ မနေ့ညက ဒလန် ၂ ယောက်အသတ်ခံရတဲ့နေရာကို သွားတဲ့ အကြမ်းဖက်စစ်အုပ်စု ကို ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ဗဟင်းရွာနဲ့ ဆင်စွယ်ရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်PDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စု အင်အား ၂၀ ကျော်လောက်ဟာ အိမ်စီး  Mark II ကား တစ်စီး၊ ဆိုင်ကယ်ဆိုင်ကယ် ၇ စီးနဲ့ ဒလန်အသတ်ခံရတဲ့ ဆင်စွယ်ရွာကို လာချိန် မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ၅ ယောက်ကြား သေဆုံးပြီးတော့ အများအပြား ဒဏ်ရာ ရသွားတယ်”

မြိုင် PDF တပ်ဖွဲအနေနဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်  သေနတ်နဲ့ ကာပစ်ပစ်ကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

PRA တပ်ဖွဲ့ကလည်း အဆိုပါတိုက်ပွဲမှာ  မြိုင်PDF နဲ့ ပူးပေါင်းတိုက်ခိုက်တယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ PRA တပ်ဖွဲ့က မှတ်တမ်းယူနေပြီးတော့ မြိုင် PDF တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ သီးသန့်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီကနေ့တိုက်ပွဲကို မြိုင်PDF ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗွီဒီယိုဖိုင်နဲ့ ဖော်ပြသွားမယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတော့ ရဲဘော်တွေပြန်ဆုတ်လို့ လမ်းခုလပ်လောက်ပဲ ရောက်သေးတဲ့အချိန်မှာ အွန်လိုင်းမှာ သတင်းချက်ချင်းတင်တာတွေကြောင့် အန္တရာယ် အခက်ခဲတွေ ကြုံနေရပြီး မြိုင် PDF က တရားဝင် သတင်းထုတ်ပြန်မှသာ ရေးသား ဖော်ပြကြဖို့ တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024