Home
မြန်မာသတင်း
ပြည်သူနာပြုသင်တန်းကျောင်းနှင့် တပ်မ ၉၅၉ ကပ်လျက် သံလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွား
DVB
·
October 28, 2021

ပဲခူးတိုင်း၊ ပြည်မြို့မှာ အောက်တိုဘာ ၂၇ ရက် ည ၆ နာရီဝန်းကျင်က ပြည်မြို့ သူနာပြုသင်တန်းကျောင်း၊ တပ်မ ၉၅၉ နဲ့ ကပ်လျက်ရှိတဲ့ သံလမ်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ည ၆ နာရီခွဲဝန်းကျင်မှာ ပေါက်ကွဲသံကြားရတာ၊ သူနာပြုသင်တန်း ကျောင်းက အရင်ကွဲတယ်၊ နောက်မှ သံလမ်းမှာ ကွဲတယ်၊ အချိန်တော့ သိပ်မကွာဘူး။ သံလမ်းမှာက အရင်ရက်ကလည်း ပေါက်ကွဲမှုဖြစ်ခဲ့​​သေးတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးဋ္ဌာနကနေ သူနာပြုသင်တန်းကျောင်းဆက်မတက်တဲ့ သင်တန်းသူ သင်တန်းသားတွေကို သိန်း ၁၀၀ ပေးရမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် အခုလို ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

ပြည်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က တပ်မ ၉၅၉ နဲ့ကပ်လျက်က သံလမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၆ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024