Home
မြန်မာသတင်း
ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအိမ် ဗုံးပေါက်
DVB
·
October 28, 2021
249317978_1732497610414500_3102273829716968157_n
249268302_1732497323747862_8655324371083415300_n
249215806_1732497400414521_7088528932686021407_n
249196508_1732497510414510_7171715289279346153_n
249178392_1732497240414537_6107656845735370684_n

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်းရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးရဲ့ နေအိမ်မှာ အောက်တိုဘာ ၂၈ ရက် မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးရဲ့ နေအိမ်ကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဗုံးပစ်သွင်းခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးနဲ့အတူနေ မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်နဲ့ အိမ်တွင်းပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကျော်လင်းဦးဟာ စစ်ကောင်စီရဲ့ ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြငေ ဦးကျော်လင်းဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024