မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးရုံး အောက်တိုဘာ ၂၈ ရက် ၁၂ နာရီကျော်အချိန်က ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ဗုံးခွဲခံရတဲ့အတွက် အပျက်အစီးများရှိခဲ့ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
“ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ တိတိကျကျ မသိပေမယ့် NLD တိုင်းရုံးကို လုပ်တာ စစ်တပ် ဒါမှမဟုတ် ပျူစောထီးအဖွဲ့ပဲဖြစ်မယ်။ ဖောက်ခွဲတဲ့အချိန်က သာမာန်ပြည်သူအပြင်မထွက်တဲ့ ည ၁၂ ကျော်အချိန်ကြီး၊ သူတို့ပဲ အပြင်ထွက်ကြတဲ့အချိန်” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၆ ရက် ညပိုင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးရုံးထဲမှာရှိတဲ့ ပန်းချီကားတွေကို ဖျက်ဆီးသွားပြီး လမ်းဘေးမှာ ပစ်သွားခဲ့ပါသေးတယ်။