Sunday, May 28, 2023
HomeLead Storyလှိုင်သာယာတွင် ဆိုင်ကယ်အပြင် ဘက်ထရီစက်ဘီးများပါ စစ်ကောင်စီဖမ်းဆီး

လှိုင်သာယာတွင် ဆိုင်ကယ်အပြင် ဘက်ထရီစက်ဘီးများပါ စစ်ကောင်စီဖမ်းဆီး

လှိုင်သာယာမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က ဆိုင်ကယ်ဖမ်းတဲ့ စစ်ကောင်စီအဖွဲ့က ဆိုင်ကယ်၊ ဘေးတွဲတွေအပြင် ဘက်ထရီ စက်ဘီးတွေကိုပါ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးခွက်စျေး၊ မီးပွိုင့်လမ်းဆုံ၊ ဘုရားလမ်းမီးပွိုင့်နဲ့ မြို့တော်ခန်းမရှေ့လို နေရာတွေအပြင် အခြားလမ်းဆုံ လမ်းခွတွေပါမကျန် နေရာအနှံ့ ဆိုင်ကယ်ဖမ်းပွဲကြီးတွေ နေ့တိုင်းလိုလို လုပ်နေတာလို့ ဆိုပါတယ်။

“သူတို့က အောက်တိုဘာ ၂၂ ရက် ညက ရပ်ကွက်ထဲ ဆိုင်ကယ်နဲ့ ဘေးတွဲတွေ ဖမ်းမယ်ဆိုပြီး အော်တယ်။ နောက်ရက် အောက်တိုဘာ ၂၃ ကစပြီး ဖမ်းတာပဲ။ ဒီနေ့ဆို ဘက်ထရီ စက်ဘီးတွေပါ ဖမ်းနေတာ တွေ့ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒေသခံဆိုင်ကယ်စီးသူတစ်ဦးက “သူတို့က ဖမ်းမယ်ပြောထားတာ။ ကိုယ့်ဘာသာ သတိထားသွားလာပြီး နေရတယ်။ ကိုယ့်ပစ္စည်းမပါဖို့ ရှောင်ရှားသွားလာနေရတယ်” လို့ ပြောပါတယ်။

လှိုင်သာယာဒေသခံတွေအပေါ် စစ်ကောင်စီက မီတာကြေး အတင်းအကြပ်တောင်းခံနေတာတွေ၊ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ကျူးတွေကို အမိန့်ပေး ရွှေ့ပြောင်းစေတာတွေနဲ့ ခုလို ဆိုင်ကယ်နဲ့ ဘေးတွဲတွေ ဖမ်းဆီးတာတွေထိ တင်းကြပ်နှိပ်စက်မှုတွေ ပြုလုပ်လာနေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular