နည်းပြဆိုးလ်ရှား၏ အနာဂတ်ကို ဒီဇင်ဘာလတွင် မန်ယူအသင်း ဆုံးဖြတ်မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်နဲ့ ပက်သက်လို့ လာမယ့် ဒီဇင်ဘာလ ရောက်မှ ဆုံးဖြတ်ချက်ချမယ်လို့သိရပါတယ်။
လီဗာပူးကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ ထုတ်ပယ်ခံရဖို့ နီးစပ်ခဲ့ပေမဲ့ ဘုတ်အဖွဲ့က စိတ်ရှည်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆိုးလ်ရှားဟာ အင်္ဂါနေ့က အသင်းလေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး စနေနေ့မှာ ကစားမယ့် စပါးနဲ့ ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ သုံးနှစ်စာချုပ်သက်တမ်းတိုးထားတဲ့ ဆိုးလ်ရှားကို ထုတ်ပယ်သေးမှာမဟုတ်ဘဲ လာမယ့်ဒီဇင်ဘာလအထိ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ စပါးနဲ့ ပွဲပြီးရင်လည်း အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရဖို့ရှိသလို အဓိကပြိုင်ဘက် မန်စီးတီးနဲ့လည်း ဆက်တိုက်ကစားသွားရမှာပါ။
အဲဒီပွဲစဉ်တွေက ရလဒ်အခြေအနေတွေကလည်း ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ စိတ်ရှည် သည်းခံမှုကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။