Home
မြန်မာသတင်း
ခရမ်းစစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရ
DVB
·
October 27, 2021
249940687_3071424849851922_2438797125131611425_n

ခရမ်းမြို့နယ် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၇ မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က ရဲတစ်ဦး၊ စစ်သားတစ်ဦး သေဆုံးသွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မနက် ၈ နာရီမထိုးခင်က ဗုံးနှစ်လုံးပေါက်တယ်။ ရဲတစ်ယောက်၊ စစ်သားတစ်ယောက်သေတယ်။ နောက်ရဲတစ်ဦးရယ်၊ စစ်သားတစ်ယောက်ရယ် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ရမယ့်အနေအထားရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံများကြာရပြီး အနီးနားဝန်းကျင်မှာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်ကာ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ခရမ်းမြို့နယ် ဒေးပေါက်ဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွ‌ မနက် ၇ နာရီကစပြီး ည ၈ နာရီအထိ ထောက်ခံစာစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024