Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ
DVB
·
October 27, 2021
249200392_974453633142327_6535470632761648861_n

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်ရှိ မြန်မာနယ်စပ်မှာ အောက်တိုဘာ ၂၆ ရက်ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၂ ဦးကို ဖမ်းဆီးခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

နယ်စပ်ဒေသ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ တရားမဝင် ဝင်ထွက်မှုထိန်းချုပ်ရေးအတွက် အမှတ် ၄ နယ်ခြားစောင့်တပ်နဲ့ တာဝန်ရှိသူတွေဟာ မနေ့ည ၁၁ နာရီခွဲလောက်က  ဖှန်မြို့နယ်ထဲ လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် မွမ့်ပင်ကျေးရွာအုပ်စု နောလဲကျေးရွာမှာ နယ်စပ်တောလမ်းကနေ ခြေကျင်လျှောက်ပြီး ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၉ ဦး အမျိုးသမီး ၃၃ ဦး စုစုပေါင်း  ၅၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့အားလုံးကို မြို့နယ် ကျန်းမာရေးဌာနက ကိုယ်အပူချိန်စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေ လဝက ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ချင်းမိုင်ခရိုင် ဖှန်မြို့နယ်ထဲမှာ ဒီအောက်တိုဘာလအတွင်း မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်မှု  ဒီတကြိမ်ပါရင် ၅ ကြိမ်ရှိသွားပြီဖြစ်ပြီး မြန်မာနိုင်ငံသားပေါင်း ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024