အင်းလျားကန်ပန်းခြံရှေ့ ယာဥ်ထိန်းရဲကင်းတွင် ဗုံးကွဲ

ရန်ကုန်၊ ပြည်လမ်းမ၊ အင်းလျားကန်ပန်းခြံရှေ့၊ ကန်လမ်းမျက်နှာချင်းဆိုင်ဘက်ခြမ်းရှိ ယာဉ်ထိန်းရဲကင်းရုံးမှာ အောက်တိုဘာ ၂၇ ရက်  ဒီနေ့မနက်အစောပိုင်းက ဗုံး၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မနက် ၈ နာရီမထိုးခင်က အင်းလျားကန်ဘောင်မှာ ဗုံးနှစ်လုံးတွေ့တယ်လို့ ကြားတယ်။ စည်ပင်တွေ သန့်ရှင်းရေးလုပ်ရင်း တွေ့ကြတာဖြစ်မယ်။ နောက်မကြာဘူး နှစ်လုံး စကွဲသံ ကြားရတော့တာပဲ” လို့ ဒေသခံက ပြောပါတယ်။

အဆိုပါ ဗုံးကွဲမှုကြောင့် လူတွေ ထိခိုက် ဒဏ်ရာရတာ ရှိ၊ မရှိတော့  မသိရသေးသလို  ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာလည်း ကြေညာတာ မတွေ့ရသေးပါဘူး။ 

ဗုံးပေါက်ပြီးမကြာခင် ကန်ဘောင်နားတဝိုက်ကို စစ်ကောင်စီတပ်က  စစ်ကားနဲ့ ရဲကားတွေ ရောက်လာပြီး  နယ်မြေရှင်းလင်း၊ စစ်ဆေးရှာဖွေနေပါတယ်။

ဒါ့အပြင် ပြည်လမ်းမတလျှောက်  လုံခြုံရေး တင်းကျပ်စစ်ဆေးရေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

More News
Up