မကွေး EPC ရုံးနှင့် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မကွေးမြို့မှာ အောက်တိုဘာလ ၂၆ ရက်နေ့က EPC ရုံးနဲ့ လဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်  သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

မကွေးမြို့ ဗိုလ်ချုပ်လမ်း လျှပ်စစ်အင်ဂျင်နီယာရုံးက ထရန်စဖာနဲ့ ရန်မျိုးနိုင်ရပ်ကွက် အဝေရာလမ်းက လဝက ရုံးတွေကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်က No Chair-ပြောက်ကျားတပ်ဖွဲ့ (မကွေး)နဲ့ ဗိဿနိုး-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကြေညာထားပါတယ်။

ဗိဿနိုးဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ No Chair တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အောင်မေတ္တာရပ်ကွက်နဲ့ ဘူတာရပ်ကွက်ကို ကူးတဲ့တံတားပေါ်မှာ စစ်ကောင်စီရဲ့ ဒလန်အုပ်ချုပ်ရေးမှူး ဇော်ထွန်းလင်းကို ဆိုင်ကယ်စီး အမည်မသိလက်နက် ၂ ယောက်က သေနတ်နဲ့ ၄ ချက်လောက်ပစ်ခတ်သွားလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ မကွေးမြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းပြီးတော့ ဆန္ဒပြည်သူတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို မတရားဖမ်းဆီးသလို နည်းမျိုးစုံနဲ့ ဒုက္ခပေးပေးနေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီး သူ့အိမ်ကို အရင်ကလည်း လက်ပစ်ဗုံးနဲ့ ၂ ကြိမ်ပစ်ခတ် သတိပေးခံထားရတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

More News
Up