
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်မှာ အောက်တိုဘာ ၂၆ ရက် ည ၇ နာရီလောက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူမှာ ၁၈ ရပ်ကွက်က ရာအိမ်မှူး ဦးဘိုနီ ဆိုသူဖြစ်ပြီး အိမ်ရှေ့မှာ ထိုင်နေစဥ် အမည်မသိ လူတစ်စုက သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“သူ့အိမ်ရှေ့မှာ ထိုင်နေတုန်းပစ်ခံရတာ။ သွေးတွေကိုအိုင်နေတာပဲ။ စစ်တပ်ကလာရင် ဖမ်းခံရမှာစိုးလို့ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ သေလား ရှင်လားတော့ မသိဘူး၊ ထိုင်နေတာဆိုတော့ ပစ်တဲ့ ၂ ချက်လုံး ထိသွားတာ” လို့ အနီးအနားရောက်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ဦးဘိုနီကို ဆေးရုံကားနဲ့ အရေးပေါ်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။