စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ် နတ်ခရိုင်ရွာအရှေ့ဘက်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၆ နာရီခွဲကျော်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မုံရွာဘက်ကနေ စစ်ကိုင်းဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ် ၉ စီးကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“နတ်ခရိုင် ရွာနားမှာ မုံရွာဘက်ကနေ လာတဲ့ ယာဉ်တန်းကို ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ကျနော်တို့ ဘက်က ဘာထိခိုက်မှုမှ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) အဖွဲ့ဝင် တစ်ဦး က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အထိအခိုက်ရှိနိုင်ပြီး ဘယ်လောက် ထိခိုက်တယ်ဆိုတာကို မသိရသေးပါဘူး။

ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

More News
Up