မူဆယ်မော်တောင်းရွာအနီး၌ စစ်ကောင်စီတပ်ယာဉ်တန်းကို KIA က တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီး၊ ပြည်ထောင်စု လမ်းမကြီးအတိုင်း စစ်ကြောင်းချီလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၆)တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာကြောင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ရဲ့ စောင့်ကြိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က အထိခိုက် အကျဆုံးရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးဖောင်းဆိုင်ဒေသ ဘက်ကို အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး ဒေသခံ MNDAA ကိုးကန့်တပ်တွေကို လက်နက်ကြီးပစ်ကူယူကာ ထိုးစစ်ဆင်နေတာကြောင့် ဩဂုတ်လကစပြီး တိုက်ပွဲပြင်းထန်နေ ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတပ် ရင်းမှူးအပါအဝင် အရာရှိစစ်သည် တွေ အထိအခိုက်ေကျဆုံးများနေပြီး အလောင်းနဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA တပ်က စဉ်ဆက်မပြတ် သိမ်းဆည်းရမိနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

More News
Up