ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ပြုလုပ် (ဓာတ်ပုံ)

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့မှာ စစ်တပ်က ဦးဆောင်ကာ အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့သလို ကျောက်ဖြူမြို့နဲ့ တောင်ကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ဒီနေ့ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ် ငပလီမြို့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲမှာ စစ်တပ်ကဦးဆောင်ပြီး စစ်သားမိသားစုဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေစုပေါင်းကာ လူပေါင်း ၁၀၀ ဝန်းကျင်က ထောက်ခံပွဲပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့မှာလည်း စစ်တပ်က ဦးဆောင်ကာ စစ်သားတွေနဲ့ စစ်သားမိသားစုဝင်တွေ ပါဝင်တဲ့ လူပေါင်း ၁၀၀ ဝန်းကျင်က ထောက်ခံပွဲတစ်ခုကို ဒီကနေ့မှာပြုလုပ်ခဲ့ကြသလို တောင်ကုတ်မြို့မှာလည်း လူပေါင်း ၇၀ နဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

More News
Up