Home
မြန်မာသတင်း
ကျောက်ပန်းတောင်းက ဒလန်များကို မဟာမိတ်ပြောက်ကျား ၃ ဖွဲ့က လက်ပစ်ဗုံးဖြင့်တိုက်ခိုက်
DVB
·
October 26, 2021

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့မနက်ပိုင်းက ဒလန်တွေ စုဝေးထိုင်နေတဲ့နေရာကို ညီနောင်မဟာမိတ်ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ တစ်ချို့ ဒဏ်ရာရခဲ့တယ်လို့ ကျောက်ပန်းတောင်း 21 ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့မှာ ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်က ကုန်းတော်ကြီး၊ မြသရဖူကားဂိတ် မျက်နှာစာရှေ့မှာ ဒလန်တွေ စုဝေးထိုင်နေတဲ့နေရာကို ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ 21-ပြောက်ကျားတပ်ဖွဲ့နဲ့ တောင်သာTTA- ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ လက်ဗစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကျောက်ပန်းတောင်း 21 ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ ဒလန်တွေကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ပြီးတော့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရတာကြောင့် သတင်းပေးဒလန် ပြန်ဆက်ဝန်ထမ်းတစ်ယောက်ထိမှန်သွားတာသာသိရပြီး ဒဏ်ရာရရှိ သူအရေတွက်ကို အတိကျမသိရသေးဘူးလို့ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲရွာမှာလည်း အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းကလည်း မှုခင်းသတင်းထောက် ဒလန် အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ပေါင်းပြီးတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

ကျောက်ပန်းတောင်း KPG-21 ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပထမဆုံးအကြိမ် ဒလန်တစ်ယောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ကလည်း ဒလန်အိမ်တစ်အိမ်ကို လက်ပစ်ဗုံးနဲ့ ၂ ကြိမ်သတိပေးခဲ့ကာ၊ မိုင်တဲလ်တာဝါတိုင် ၂ တိုင်နဲ့ ကျောက်ပန်းတောင်း စစ်တပ်ကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးကြိုးလိုင်းတွေကိုပါ ဖြတ်တောက်ခဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024