Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ပေးမတက်သည့်ဆုံးဖြတ်ချက် အပြည့်အဝထောက်ခံ ဟု အာဆီယံ ခေါင်းဆောင်အချို့ပြော
DVB
·
October 26, 2021
248406753_245825134256840_1805673946694035134_n-1-1
248626286_245831764256177_285142082947052801_n-2
248626286_245831764256177_285142082947052801_n-1
248744218_245825050923515_3611572678147967085_n
248703620_245825194256834_776021127362738152_n
248626286_245831764256177_285142082947052801_n
248434989_245831857589501_1636844562355324333_n
248406753_245825134256840_1805673946694035134_n (1)
248405827_245825180923502_2808526352553611047_n
248369324_245825190923501_376016013600262729_n
asean 22
Bruntine

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အာဆီယံ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံအနေနဲ့ အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က အောက်တိုဘာ ၂၆ ရက် ဒီနေ့ စတင်ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အခုထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာအတွက် လမ်းဖွင့်ပေးခဲ့ပေမယ့် မြန်မာကိုယ်စားလှယ်မပါဝင်နိုင်တာ အာဆီယံအပြစ်မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်  ၂၀၂၂ ခုနှစ်ကျရင် လွှဲပြောင်းယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့  ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကတော့ မြန်မာ့အရေးဟာ အာဆီယံဒေသတွင်းမူကို စိန်ခေါ်နေပြီး ပထမခြေလှမ်းအနေနဲ့ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံ အမြန်ဆုံးသွားရောက်ကာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့လိုတယ်၊ အာဆီယံရဲ့ ချမှတ်ထားတဲ့ မူ(၅)ချက်ကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာလုပ်ဆောင်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတဲ့  အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ပဲ  နိုင်ငံရေးအရကိုယ်စားမပြုတဲ့  နိုင်ငံခြားရေး အတွင်းဝန် ဦးချမ်းအေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံကနေ ဖိတ်ကြားခဲ့ပါတယ်။

နိုင်ငံအဆင့်အကြီးအကဲ  ဒါမှမဟုတ် ပြည်ထောင်စု ဝန်ကြီးအဆင့်  ဖိတ်ကြားမှသာ တက်မယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက အကြောင်းပြန်ခဲ့ပေမယ့် မြန်မာကိုယ်စားလှယ် မပါဝင်ပဲ အာဆီယံထိပ်သီး အစည်းအဝေးကို ဒီနေ့ အာဆီယံ ၉ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အခု အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေးတခုဖြစ်တဲ့ အာဆီယံ-အမေရိကန် ပူးပေါင်းအစည်းအဝေးတခုကို  ၄ နှစ်အတွင်း ပထမဆုံးအနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း ဗီဒီယို ကနေတဆင့် တက်ရောက်ဖို့ရှိနေပါတယ်။ 

Photo-Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024