Home
မြန်မာသတင်း
မုံရွာမြို့တွင် KTV ကပြန်လာသည့် ရဲ ၂ ဦး ပစ်သတ်ခံရ
DVB
·
October 26, 2021
248401761_2953932538254983_5403522945452986626_n
249680718_2953932584921645_1280790100466562884_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်စွယ်တော်လမ်းမှာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက်  KTV ကနေပြန်လာတဲ့ ဒုရဲအုပ်တယောက်နဲ့  ရဲတပ်သားတယောက်ကို  လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တယ်လို့   Sagaing Independence Army (SIA) က အတည်ပြုပါတယ်။

“KTV က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်က ရဲတွေကို ကျနော်တို့ အဖွဲ့က လမ်းမှာ စောင့်ပြီး ပစ်ခဲ့တာပါ။ အရပ်ဝတ်နဲ့ နှစ်ယောက်ပေါ့။ အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်။” လို့ SIA အဖွဲ့ဝင် တဦး က ပြောပါတယ်။

ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ဝင်းကျော်မျိုးနဲ့ ရဲတပ်သား တယောက်တို့ နေရာမှာတွင် သေဆုံးခဲ့ပြီး လက်နက်နဲ့ ကျည်ဆန်တွေလည်း  SIA က သိမ်းဆည်းရမိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ရဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်သားတွေ လာရောက်သယ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာလည်း အောက်တိုဘာ ၂၅  ရက် ည ၁၁ နာရီလောက်က  ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး  ဒေသခံ ၄ ယောက်ဖမ်းဆီးခံရသလို မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024