ကျိုက်လတ်မြို့တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းက စစ်အုပ်စုပိုင် Mytel တာဝါတိုင်တတိုင်ကို  ဧရာကဗေဒါအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ အဖွဲ့ဝင် တဦးကပြောပါတယ်။

ဖောင်းရိုးဆိပ်ကျေးရွာအုပ်စု၊ မင်းဇံကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မနက် ၃ နာရီခွဲလောက်မှာ မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး  တာဝါတိုင်ကတော့ အောက်ခြေမှာရှိတဲ့ စက်တွေ၊ ဝါယာကြိုးတွေနဲ့ ဆိုလာပြားတွေ အကုန်လုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

စစ်အုပ်စုပိုင် တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးချိန်မှာ ပြည်သူတွေမထိခိုက်အောင် ပြုလုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရတာ ၁၀ ကြိမ်မက ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

More News
Up