
မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်း စံပြကျေးရွာအုပ်ချုပ်ရေးမှူး ဝေလင်းအောင်ဟာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက်က တပ်ရင်း ၉ ထိပ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ မကြာသေးခင်က နုတ်ထွက်စာ တင်ထားခဲ့ပေမယ့်လည်း အမှန်တကယ် မနုတ်ထွက်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ သက်ဆိုင်ရာနေရတွေမှာ အမြဲတွေ့နေရပြီး တာဝန်ကို တိတ်တဆိတ် ထမ်းဆောင်နေတာလို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
“ဒီမနက်မှ ကြားရတယ်။ သေပြီတဲ့ တပ်ရင်း ၉ ထိပ်မှာ။ အခုတော့ စောင်နဲ့ ပတ်ထားကြ တယ်။ သွေးတွေကလည်း အများကြီးပဲ။ ဒီလိုကောင်အပါအဝင် ရွာထဲက ပေါင်မုန့်တို့လို ရာအိမ်မှူးတွေကိုလည်း ပိုဆုံးမသင့်နေတာကြာပြီ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ် စံပြကျေးရွာအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးဘူး မြို့နယ်အတွင်း ပထမဆုံး သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပါတယ်။