Home
မြန်မာသတင်း
ဝက်လက်က နေအိမ် ၁၀ လုံးနှင့် အရာတော် ဒေသခံ PDF စခန်းအချို့ ဖျက်ဆီးမီးရှို့ခံရ
DVB
·
October 26, 2021
248920705_1235479293595121_1174844094261497386_n
248920513_1235479090261808_469469298745820392_n
248916325_1235705580239159_5358756196656480954_n
248862284_1235478686928515_6068576312986477434_n
248804390_1235478283595222_3178145040623694954_n
248750123_1235705370239180_2201879090778048038_n
248722974_1235705310239186_8731277311682472495_n
248641304_1235478520261865_1102529160240274375_n
248637183_1235478780261839_5484926617045132360_n
248512124_1235478926928491_1576795638681928502_n
248439752_1235705466905837_4246016417311740901_n
247692721_1235477723595278_2978871443510063004_n
248945230_1235705236905860_5084060021967256298_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာကို အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကား ၃ စီးနဲ့ လာရောက်ပြီး နေအိမ် ၁၀ လုံးလောက်ကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“သူတို့ကားတွေကို မိုင်းဆွဲခံရတယ်၊ ထိခိုက်မှုတော့မရှိလောက်ဘူး။ အဲဒီနောက် ရုံးပင်ကုန်းရွာထဲဝင်ပြီး ရွာသားတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ လက်နက်ရှိတယ်အထင်နဲ့ အိမ်တွေထဲဝင်ရှာတယ်၊ ပရိဘောဂတွေ TV ဆန် ဆီ စတဲ့ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ မှောက်ပစ်တယ်၊ ဆိုင်တဆိုင်က အရက်ဖာ ဘီယာဖာတွေအားလုံး ယူသွားကြတယ်” လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက် ၅ နာရီခန့်ကတည်းက အိမ်စီးကား ၃ စီးနဲ့ဝက်လက်ကနေ ရှိမ်းမကားဘက် ထွက်လာခဲ့ကြတာဖြစ်ပြီး အင်ကြင်းပင်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရုံးပင်းကုန်းရွာကို ဝင်ရောက်ဖျက်ဆီးသွားတာဖြစ်ပါတယ်။

ဝက်လက်မြို့နယ် ဝက်လက်-ရှိမ်းမကား လမ်းမပေါ်မှာ အောက်တိုဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲငယ်တခုဖြစ်ပွားခဲ့ရာ ရဲ နှစ်ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းက မလဲသာ/ကန်ရင်းရွာနဲ့ မြောက်ပိုင်းက ဘောင်းကျရွာတို့ တစ်နေ့တည်း ဝင်ရောက်စီးနင်းခံခဲ့ရပြီး ကန်ရင်းကျေးရွာအနီးက ဒေသခံပြည်သူ့ ကာကွယ်ရေး စခန်းတွေ ဖျက်ဆီးမီးရှို့ခံခဲ့ရပါတယ်။

ရဲဘော်တစ်ဦးကျည်ထိမှန် ကျဆုံးခဲ့ရသလို မြောက်ပိုင်းရဲဘော် ၂ ဦးမှာလည်း အရာတော်နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝက်လက် နယ်စပ်ကနေ မိုင်းဆွဲတိုက်ခိုက်ရင်း ရန်သူရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အသက်ပေးသွားခဲ့ကြရတယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)က‌ အောက်တိုဘာ ၂၅ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

"ဒီနေ့ထိဆို ကျနော်တို့ ARA က တော်လှန်ရေးရဲဘော် ၆ ဦးထိ အသက်ပေးသွားခဲ့ပါပြီ။ ဘယ်လိုပဲ ပြည်သူ့ဘက်က ပြောက်ကျားပြန်ဆော်နေပြီဆိုပေမယ့် လက်နက်ချင်းကွာခြားမှုက မြေပြင်မှာ အတော်စကားပြောပါတယ်။ လက်လုပ်နဲ့ဖြစ်သလို ပြန်ချနေတာတောင် ဒီကောင်တွေ ပြာယာခတ်နေကြတာဆိုတော့ ပြည်သူ့ဘက်မှာလည်း လက်နက်ကောင်းကောင်းနဲ့သာဆို ကျနော်တို့ ရဲဘော်တွေရဲ့ပေးဆပ်ရမှုတွေကို အများကြီးလျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ARA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARA ရဲ့ တောင်ပိုင်းရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်သက်တန့်၊ မြောက်ပိုင်းရဲဘော်နှစ်ဦးဖြစ်တဲ့ ရဲဘော်မောင်စံနဲ့ရဲဘော်ဇော်ကြီးတို့ ကျဆုံးခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ကြေညာခဲ့တာပါ။

အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)တွေအနေနဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်ထားပြီး စစ်ကောင်စီဘက်က ၃၀ ခန့်သေဆုံးကာ ၅၀ လောက် ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်နိုင်ခဲ့ပြီး (ARA) ဘက်ကလည်း တော်လှန်ရေးသူရဲကောင်း ၆ ဦးပေးဆပ်ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024