လူ ၅ ဦးထက်ပိုမစုရ အမိန့်ထုတ်ထားသည့် ပုသိမ်မြို့ ၌ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲပြုလုပ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ဟစ်တိုင်ကွင်းထဲမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်  စစ်တပ် ထောက်ခံပွဲကို လူတချို့နဲ့ ပြုလုပ်သွားပါတယ်။ 

ပုသိမ်မြို့မှာ အောက်တိုဘာ ၁၅ ရက်ကတည်းက  လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီတပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး  တပ်ထောက်ခံပွဲကို စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေ့သူ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လူအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတဲ့ လူအုပ်ကြီးဟာ ကားတွေနဲ့ ဟစ်တိုင်ကွင်းကို ရောက်လာပြီး စစ်တပ်ကို ထောက်ခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ 

တပ်ထောက်ခံပွဲပြုလုပ်ဖို့ ရောက်လာသူတွေဟာ ဒေသခံတွေ မဟုတ်သလို ကိုဗစ် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

More News
Up