မကွေးတိုင်း ပခုက္ကူမြို့ ရှောင်လမ်းထိပ် သုံးခွစုံနေရာမှာ ထောင်ထားတဲ့ ဗုံး ၄ လုံးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၈ နာရီလောက် လာဖြုတ်ချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက “ပခုက္ကူ မြို့ရှောင်လမ်းထိပ် လမ်းစုံနေရာမှာ တောင်မြောက်လမ်းအရှေ့ဘက်ခြမ်းမှာ ၂ လုံး အရှေ့အနောက်လမ်း ညာဘက်ခြမ်းမှာ ၂ လုံး အစစ် ဗုံး ၄ လုံးထောင်ထားတာ။ လမ်းလယ်ခေါင်မှာက တြိဂံပုံစံ ပလက်ဖောင်းရှိတယ်။ အဲ့အပေါ်မှာ ‘ငါလိုးမသားစောက်ရူးတွေ’ လို့ စာထည့်ထားတဲ့ ဗုံးအတုကို PDF အဖွဲ့တွေက ထောင်ထားခဲ့တာ။ ဗုံးအတုကိုလာဖြုတ်ချိန်မှာ ဗုံးအစစ် ၄ လုံးထဲက ၃ လုံးထပေါက်ကွဲတာ” လို့ ပြောပါတယ်။
ဗုံးတွေကို Burmese Guerrilla Force နဲ့ Seven PDFက ထောင်ထားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူမြို့မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတာပါ။