စစ်ကိုင်းမြို့နယ် ကျားမင်းကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ကို အောက်တိုဘာလ ၂၄ ရက် ညပိုင်းက ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က လုပ်ဆောင်တာဖြစ်ပြီး ကျားမင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်အပါအဝင် ၇ ဦး ဝိုင်းဖွဲ့ထိုင်နေတဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ ခုနစ်ယောက်လောက် ထိုင်နေတဲ့အချိန် ဝင်ပစ်တာ။ အထိအခိုက်ရှိတယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ၇ ချက်ပစ်ခဲ့တာဖြစ်ပြီး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ကနေ သိရပါတယ်။ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။