ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်

1.6K
ထိုင်ဝမ်ကျွန်းအရှေ့မြောက်ပိုင်းမှာ အောက်တိုဘာ ၂၄ ရက်က အင်အားရစ်ချတ်တာစကေး ၆ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ ထိုင်ပေမြို့တော်က အဆောက်အအုံတွေ ယမ်းခါခဲ့ပါတယ်။
ငလျင်ဟာ ယီလန်မြို့နယ်က မြေအောက်အနက် ၄၁ ဒသမ ၅ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး အပျက်အစီးတော့ မရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ထိုင်ဝမ်ကျွန်းအနောက်ပိုင်း အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတလွှားမှာ ငလျင်ဒဏ်ကို ခံစားခဲ့ရတယ်လို့ မိုးလေဝသဗျူရိုက ပြောပါတယ်။
ထိုင်ဝမ်ဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီး ၂ ချပ်ကြားအနားမှာ ရှိနေလို့ ငလျင် ထူပြောပါတယ်။
၂၀၁၆ ခုက ထိုင်ဝမ်တောင်ပိုင်း ငလျင်ကြောင့် လူ အယောက် တရာကျော် သေဆုံးခဲ့ရပြီး ၁၉၉၉ ခုနှစ်က အင်အား ရစ်ချတ်တာ စကေး ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် လူအယောက် ၂၀၀၀ သေဆုံးခဲ့ပါတယ်။