Tuesday, May 30, 2023
HomeLead Storyမိုးမိတ်မြို့က CDM ကျောင်းဆရာ အပါအဝင် ၈ ဦး အဖမ်းခံရ

မိုးမိတ်မြို့က CDM ကျောင်းဆရာ အပါအဝင် ၈ ဦး အဖမ်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ည ၇ နာရီခွဲလောက်က ရွှေကူဘုန်းကြီးကျောင်းထဲ နေထိုင်တဲ့ CDM ကျောင်းဆရာ ဦးကျော်စွာနဲ့ ဦးပဇင်းတပါးအပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ညက သူတို့နေတဲ့နေရာကို အင်အားအပြည့်နဲ့ လာပြီး သေချာပြင်ဆင်ပြီး ဖမ်းသွားတာ၊ ဒလန်သတင်းပေးတာဖြစ်နိုင်တယ်။ သူတို့နေရာကိုပဲ မီးဖြတ်ပြီး သေချာစီစဉ်ပြီးဖမ်းသွားတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆရာဦးကျော်စွာဟာ မိုးမိတ်မြို့က CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး  အရင်ကတည်းက CDM ငွေကောက်တာရယ်၊ သူကိုယ်တိုင်ကလည်း CDM လုပ်တာကြောင့် ဖမ်းခံလိုက်ရတာထင်တယ်လို့ ဆိုပါတယ်။ 

ရွှေကူဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်တွေက ဝိုင်းပြီးမီးဖြတ်ကာ ဖမ်းတာကြောင့် ရှောင်ချိန်မရ၊ ပြေးပေါက်မရှိဘဲ ဖမ်းခံလိုက်ရတာလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular