ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ

1.3K
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တယောက် အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီကျော်လောက်က သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၇ နှစ်အရွယ် ဦးမြင့်နိုင်ဖြစ်ပြီး နတ်စုအနောက်ကျေးရွာ အထွက်လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝယ်ပြီးအပြန်မှာ ပစ်သတ်ခံခဲ့ရတာလို့ နေရာမှာတင် သေဆုံးသွားတယ်လို့သိရပါတယ်။
“မနက်က နတ်စုအနောက် အထွက်ဘက်မှာ ပစ်ခံရတာ။ သေနတ် လေး ငါးချက်လောက် ပစ်သွားတယ် ကြားတယ်။ အုပ်ကြီး စီးတဲ့ ဆိုင်ကယ်ပါ ယူသွားတာတဲ့။ တခြားတော့ ဘယ်လို အခြေအနေရှိလဲဆိုတာ မသိရသေးဘူး”လို့ ပုသိမ်ကြီးမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကို ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။