Home
သတင်းဓာတ်ပုံ
တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံ (ဓာတ်ပုံ)
DVB
·
October 25, 2021
248326516_1204155076745167_5536823746357091209_n
247587825_1204155266745148_5188455688887113798_n
247059872_1204154933411848_6593571135650339796_n
247026437_1204155390078469_1438222150993544935_n
246971078_1204155510078457_2553268805569710569_n
246447353_1204155303411811_3736781164615869918_n
246232337_1204154846745190_1676195446682865400_n
246072388_1204154983411843_5190615426781028187_n
245628497_1204155033411838_2239698785295289930_n
245542911_1204154880078520_2194269600820782922_n
245529721_1204155336745141_4257755255610885780_n
245489544_1204155230078485_1289624779882007528_n
245439859_1204155170078491_5933156368876634736_n

မကွေးတိုင်း တောင်တွင်းကြီးမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေအတွင်းနဲ့ ပြည်လမ်းမကြီးပေါ်တို့မှာ အောက်တိုဘာ ၂၅ ရက်မနက် စောပိုင်းကစတင်ပြီး ရေကြီးရေလျှံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက ''အရင်နှစ်တွေကနဲ့မတူဘဲ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးနဲ့ အမြင့်ဆုံးအဖြစ် ရေကြီးရေလျှံတယ်။ ပြည်သူတွေမှာ ရန်သူမျိုး ငါးပါးဒဏ်ကို အရမ်းခံစားနေရတယ်'' ပြော ပါတယ်။

အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ မိုးမပြတ်ရွာတာကြောင့် ၂၄ ရက်ညဦးပိုင်းကစပြီး စက်စက်ယိုချောင်းရေကနေ ရေကြီးရေလျှံတာဖြစ်ပြီး လူနေရပ်ကွက်အတွင်း ရေဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

''အလယ်ရိုးမမှာ မိုးများပြီး တောင်ကျရေတွေက ပုံမှန်ဆိုရင် မြို့လယ်ကနေဖြတ်စီးတဲ့ စက်စက်ယိုချောင်းကနေ ရေကြီးရေလျှံဖြစ်ပေါ်တာ။ စက်စက်ယိုချောင်းရဲ့ မြေသားတိမ်ကောနေ မှုတွေနဲ့ ချောင်းနဘေးက ရပ်ကွက်နေပြည်သူတွေက အိမ်ဝိုင်းမြေချဲ့ယူနေတာတွေကြောင့် အရင်နှစ်တွေထက် ပိုဆိုးတာ'' လို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ခုရှိပြီး အုန်းတောရပ်ကွက်၊ တောင်ပြင်ရပ်ကွက်နဲ့ ရွှေကြာအင်းရပ်ကွက်တွေဟာ နှစ်စဉ်နဲ့အမျှ  ရေကြီးရေလျှံတဲ့ဒဏ်ကို နှစ်စဉ်ခံစားကြရပြီး ၁၀ စုနှစ်အတွင်း အခုနှစ်ဟာ အဆိုးဝါးဆုံး ရေကြီးရေလျှံမှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024