“စစ်ကောင်စီဒေါက်တိုင်မှန်သမျှ ဖြိုဖျက်ကြ” ရန်ကုန်သပိတ်
DVB
·
October 24, 2021
'စစ်ကောင်စီဒေါက်တိုင်မှန်သမျှဖြိုဖျက်ကြ'လို့ အမည်ပေးထားတဲ့သပိတ်တစ်ခုကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမပေါ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်က ပြုလုပ်ခဲ့ကြပါတယ်။
မီးတုတ်များကိုင်ဆောင်ထားတဲ့ လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ချီတက်ခဲ့ကြပြီး ညသပိတ်ဆန္ဒပြခဲ့ကြတာပါ။