နိုင်ဂျီးရီးယားထောင်ကို သေနတ်သမားများ တိုက်ခိုက်၊ ထောင်သား ၈၀၀ ကျော်ကို လွှတ်ပေး

နိုင်ဂျီးရီးယားနိုင်ငံ၊ အိုယိုပြည်နယ်က ထောင်တခုကို သေနတ်သမားတွေက အောက်တိုဘာ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ထောင်သား အယောက် ၈၀၀ ကျော်ကို အတင်း နှင်ထုတ်လွှတ်ပေးလိုက် တယ်။

ဒါဟာ ဒီနှစ်အတွင်း တတိယမြောက် အကြီးစား တိုက်ခိုက်မှုလို့ အကျဉ်းဦးစီးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ခိုက်သူတွေက လက်နက်တွေ အကြီးအကျယ် ကိုင်ဆောင်ထားပြီး အကျဉ်းဦးစီး အရာရှိတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကာ  ထောင်နံရံတွေကို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲခဲ့ပြီး ထောင်ဝင်းထဲကို ဝင်နိုင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

ပြစ်ဒဏ်စီရင်ခံဖို့ စောင့်နေတဲ့ ထောင်သား ၅၇၅ ယောက် ပျောက်နေပြီး ၂၆၂ ယောက် ထွက်ပြေးခဲ့ပေမဲ့ ထွက်မပြေးတဲ့လူ ၆၄ ယောက်သာ ကျန်တယ်လို့ ဆိုပါတယ်။ 

နိုင်ဂျီးရီးယားနိုင်ငံဟာ ကျယ်ပြန့်တဲ့ နယ်နိမိတ်အတွင်း လုံခြုံရေးပြဿနာတွေကို ရုန်းကန် ရင်ဆိုင်နေရပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းမှာတော့ ရာဇဝတ်ဂိုဏ်းတွေက ပြန်ရွေးငွေ အတွက် ကျောင်းသားတွေကို ပြန်ပေးဆွဲနေပြီး နိုင်ငံအရှေ့မြောက်ဘက်မှာတော့ အစ္စလာမစ် သူပုန်တွေကို ရင်ဆိုင်နေရပါတယ်။

ဧပြီလတုန်းကလည်း အီမိုပြည်နယ်မှာ အလားတူ ထောင်တိုက်ခိုက်မှုအတွင်း ထောင်သား အယောက် ၁၈၀၀ ကျော် လွတ်သွားခဲ့ပြီး အရင်လက ဂိုဂီပြည်နယ်မှာတော့ တခြားထောင်သား ၂၆၆ ယောက် လွတ်သွားခဲ့ပါတယ်။ 

More News
Up