Sunday, May 28, 2023
HomeLead Storyသာကေတတွင် ဒလန်ဆိုပြီး နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

သာကေတတွင် ဒလန်ဆိုပြီး နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ဒလန်လို့ နာမည်ကြီးနေတဲ့ ၂ မြောက်ရပ်ကွက်၊ အနော်မာ ၂၁ လမ်း(အရှေ့)မှာ နေထိုင်သူ သိန်းထိုက်(ခ)ချိုကြီး ဆိုသူကို ဒီကနေ့ မနက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ အမည်မသိလူတစုက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွား‌တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ပစ်ခတ်ခံရသူဟာ သာကေတမြို့နယ် လက်ဖက်ရည်ဆိုင်တခုအတွင်း လူငယ်တွေ ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်နေသူလို့ ကနဦး သိရပါတယ်။

ကိုသိန်းထိုက် ပစ်သတ်ခံရမှုအပေါ် မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဒလန်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ပစ်ခတ်မှုပြုလုပ်သူတွေဘက်ကလည်း တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular