Wednesday, May 31, 2023
HomeLead Storyရေဦးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရဲသတင်းပေးတို့ ပစ်ခတ်ခံရ

ရေဦးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရဲသတင်းပေးတို့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ အင်တောရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရဲသတင်းပေးကို‌ အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီလောက်မှာ အမည်မသိအဖွဲ့တခုကလာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးကတော့ တင်ပါးမှန်တာဆိုတော့ ဆေးရုံတင်ထားတယ်။ ရဲအင်ဖော်မာလုပ်နေတဲ့ ကောင်ကတော့ နေရာမှာပဲ သေဆုံးသွားတယ်။ ကျန်မိသားစုဝင်တွေကိုတော့ ဘာမှမလုပ်ခဲ့ကြလို့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူတွေဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးလွမ်းအောင်နဲ့ရဲသတင်းပေး လုပ်နေသူ ဦးစန်းလွင်လို့ သိရပြီး အုပ်ချုပ်ရေးမှူးအိမ်မှာ ထိုင်နေကြစဉ် ပစ်ခတ်သွားတာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးပြီးခြင်း စစ်ကောင်စီတပ်တွေ ညတွင်းချင်းရောက်လာပြီး ဒဏ်ရာရ အုပ်ချုပ်ရေးမှူးကို မုံရွာဆေးရုံကို ပိုဆောင်လိုက်သလို မိသားစုတွေကိုလည်း ခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံး ရဲသတင်းပေးအလောင်းကိုတော့ မနက်ဖြန်မှ လာကောက်မယ်ဆုဲပြီး ထားသွားကြတယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular