၁၈ အောက်တိုဘာ
လျှပ်စစ်မီးသီး၊ ဓာတ်ပုံ၊ ရုပ်ရှင်ပြစက်တွေ အပါအဝင် နာမည်ကျော်လူသုံးပစ္စည်းထောင်ဂဏန်းထိ တီထွင်ဖန်တီးခဲ့တဲ့ သောမတ်စ်အက်ဒီဆင်ဟာ ၁၉၃၁ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

၁၉ အောက်တိုဘာ
နအဖ စစ်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဟာ အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်မှာ ပြန်လည်လွတ်မြောက်ပါတယ်။

၂၀ အောက်တိုဘာ
လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၅၀ လောက် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် မွန်မာ ဂဒါဖီဟာ နာမည်ကျော် အာရပ်နွေဉီးတော်လှန်ရေးကာလအတွင်း ၂၀၁၁ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြည်သူလူထုက ဝိုင်းဝန်းသတ်ဖြတ်ခံရလို့ မရှုမလှ အသက်ဆုံးရှုံးရပါတယ်။

၂၂ အောက်တိုဘာ
နာမည်ကျော် ပြင်သစ် စာရေးဆရာ ဖြစ်တည်မူပဓာနဝါဒရဲ့ အဓိက တွေ့ခေါ်ရှင် ယန်းပေါဆတ်ဟာ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ စာပေဆိုင်ရာ နိုဘယ်ဆုကို လက်ခံယူဖို့ ငြင်းပယ်ခဲ့ပါတယ်။

၂၂ အောက်တိုဘာ
အင်ပရက်ရှင်းနစ် ပန်းချီလောကမှာ ထင်ရှားကျော်ကြားတဲ့ ပေါစီဇန်းဟာ ၁၉၀၆ခုနှစ် အောက်တိုဘာ ၂၂ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။
