မုံရွာ မြို့တော်ခန်းမအနီးနှင့် မုံရွာတက္ကသိုလ်အနီး ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း မုံရွာမြို့၊  မြို့တော်ခန်းမအနီးနဲ့ တက္ကသိုလ်အနီး အောက်တိုဘာ ၂၃ ရက်  ညနေပိုင်းနဲ့  ၂၄ ရက် မနက်ပိုင်းတွေမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ဗုံးပေါက်ကွဲတာဟာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ မြို့တော်ခန်းမနားမှာ ဒီနေ့မနက် ၈ နာရီလောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး  ဗုံးပေါက်ကွဲမှုကြောင့် အနီးနားက လူနေအိမ်တွေနဲ့ ခရစ်ယာန်ကျောင်းတွေကို စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။

အခုလို ဗုံးပေါက်ကွဲတာ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ မသိရသေးသလို ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေလည်း မသိရသေးပါဘူး။

မုံရွာတက္ကသိုလ်အနီးမှာလည်း အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ဖို့ ပုံမှန်စုရုံးရာနေရာဖြစ်တဲ့အပြင် Non-CDM ဝန်ထမ်းတွေ ထားရှိတဲ့ နေရာဖြစ်ပြီး  PDF-South Monywa နဲ့ Monywa Heroes Group က ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မုံရွာတက္ကသိုလ်ကျောင်းအနောက်ပေါက် ကင်းလှည့်ဖို့ တံခါးပေါက်ဖွင့်ထားချိန် လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့သလို Non-CDM ဝန်ထမ်းတွေ ထားရှိတဲ့ နေရာကိုလည်း ဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖောက်ခွဲမှုမှာ စစ်ကောင်စီတပ်သားတွေ အသေအပျောက်ကို မသိရှိရပေမယ့် PDF-South Monywa မြို့ပြပြောက်ကျား အဖွဲ့အနေနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up