မုံးကိုးဒေသတွင် စစ်ကောင်စီတပ်သုံး ပစ္စည်းများ MNDAAက သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသဘက်ကို အရပ်ကားအသုံးပြုပြီး သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်သုံးပစ္စည်းတွေကို နယ်မြေခံ MNDAA ကိုးကန့်တပ်တွေက အောက်တိုဘာ ၂၃ ရက်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘက်သုံးပစ္စည်းတွေကို ဘယ်လို သိမ်းဆည်းရမိခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဖောင်းဆိုင်ဒေသတွေကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၂ ရက် စစ်ကောင်စီတပ်နဲ့ MNDAA တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာပြီး လက်နက်‌တွေ စွန့်ပစ်ကာ ကိုယ်လွတ်ထွက်ပြေးသွားခဲ့ကြောင်းနဲ့  နယ်မြေရှင်းစဉ် စစ်ကောင်စီ တပ်သားသေဆုံးအလောင်း ၂၀ ကျော်ကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

More News
Up