လီဗာပူးတွင် ဆက်နေချင်သော်လည်း ကိုယ်တိုင်ဆုံးဖြတ်မရဟု ဆာလက် ဖွင့်ဟ

လီဗာပူးအသင်းမှာ ကစားသမားဘဝကုန်ဆုံးချိန်အထိ ဆက်နေချင်ပေမယ့် ကိုယ်တိုင်ဆုံးဖြတ် လို့မရတဲ့အရာ မဟုတ်ကြောင်း ဆာလက်က ပြောပါတယ်။

ဆာလက်ဟာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးဖို့ လိုအပ်နေတာပါ။ 

တဘက်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဆာလက်ကတော့ လီဗာပူးအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးချင်ပေမဲ့ သူ့လက်ထဲမှာ ဆုံးဖြတ်လို့မရဘဲ ကလပ်အသင်းဘက်ကသာ ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ 

“လီဗာပူးအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်နေရမယ်လို့ ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ပါဘူး။ အဲဒီလို ကစားရမယ်ဆိုရင် ဝမ်းနည်းမိမှာပါ။ ဒီအခြေအနေက အတော်ခက်ခဲမှာဖြစ်ပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ” လို့ ဆာလက်က ပြောခဲ့တာပါ။ 

အီဂျစ်ကစားသမား ဆာလက်ဟာ ၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေရယူပေးခဲ့ပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up