Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်တပ်ကပစ်ခတ်သဖြင့် ရွာသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ
DVB
·
October 22, 2021
246206176_556186745457521_5147519399606524360_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ တဇယ်ချောင်ကျေးရွာနေသူ တစ်ဦး အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

“ကနီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဗျ။ ကနီမြို့အထွက်ကတည်းက သေနတ်တွေ ပစ်ဖောက်လာတယ်။ တဇယ်ချောင်ရွာနားလည်း ရောက်ရော သေနတ်ပစ်သံတွေ ပိုစိတ်လာတယ်။  ရွာသားတွေလည်း ရုတ်တရက်ဆိုတော့ အကုန်ထွက်ပြေးကြရတယ်။ အခုကျည်မှန်တဲ့ သူက ကိုဇော်နိုင်ဦး အသက်က ၃၀ လောက်ရှိမယ်။ သေနတ် မှန်တာက ခြေသလုံးနှစ်ဖက်”လို့ ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။

ကနီကနေထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သေနတ်တွေနဲ့ ကျေးရွာတွေအတွင်း ရှင်းလင်း ပစ်ခတ်ပြီး ရှမ်းမြောင်းကျေးရွာက  ဆိုင်ကယ် ၃ စီးနဲ့ ဖုန်းတစ်လုံးအပြင် ဆန်နဲ့ ဆီတွေပါ ယူဆောင်သွာကြတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024