Home
မြန်မာသတင်း
လျှပ်စစ်စွမ်းအင် CDM ဝန်ထမ်းများအား ထောက်ပံ့ကူညီပေးကြရန် NUG တိုက်တွန်း
DVB
·
October 22, 2021

နွေဦးတော်လှန်ရေးရဲ့ ပင်မ မဏ္ဍိုင်ဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ခုချိန်တိုင်အောင် ပါဝင်နေကြတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက CDM ဝန်ထမ်းတွေအားလုံးကို  လေး‌စားအသိအမှတ်ပြုပြီး ကျေးဇူးတင်ရှိကြောင်းနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကိုတတ်စွမ်းသမျှ ထောက်ပံ့ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းထားပါ တယ်။

အောက်တိုဘာ ၂၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ကိုတော့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေးဟာ အားလုံး ပူးပေါင်းပါဝင်နိုင်မှ ပြီးမြောက်အောင်မြင်မှာ ဖြစ်ကြောင်းနဲ့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်က တရားမ ဝင်ကြောင်း၊ နိုင်ငံတော် ပုန်ကန်မှုသာဖြစ်ကြောင်းကို နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူတွေ၊ သံတမန်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ခြွင်းချက်မရှိ သိသာစေခဲ့ တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ တော်လှန်ရေးဟာ တဆင့် မြင့်တက်သွားပြီဖြစ်တဲ့အတွက်  CDM ရဲ့ အ ရေးပါမှုဟာလည်း နောက်တဆင့်မြင့်တက်သွားတာကြောင့် ပြည်သူတွေအနေနဲ့ CDM ဝန်ထမ်းတွေရဲ့ အရေးပေါ် နေထိုင်ရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ကိစ္စရပ် တွေမှာ လိုအပ်တာတွေ ထောက်ပံ့ကူညီပေးကြစေလိုတယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလ ဟာ ၉ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တော ရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ် ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင် ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024