Wednesday, June 7, 2023
HomeLead Storyမိုးမိတ်မြို့က လူ ၂ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး၊ ငွေကျပ်သိန်း ၃၀ ဖြင့် ရွေးခိုင်း

မိုးမိတ်မြို့က လူ ၂ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး၊ ငွေကျပ်သိန်း ၃၀ ဖြင့် ရွေးခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကလယ်ကြီးရွာက လူ ၂ ဦးက အောက်တိုဘာ ၁၉ ရက်နေ့က အမျိုးတွေရှိရာ သရက်ချိုရွာကိုအသွားမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး သွားပြီးနောက် ငွေသိန်း ၃၀ နဲ့ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။

“သီတင်းကျွတ် အမျိုးတွေသွားကန်တော့တာ၊ လက်နက်ကိုင် အဖွဲ့တစ်ခုကဖမ်းသွားတာ၊ ပိုက်ဆံ သိန်း ၃၀ တောင်းတယ်။ သူတို့က လူမလိုချင်ဘူး၊ ပိုက်ဆံပဲလိုချင်တာ၊ ပိုက်ဆံမရှိလို့ ဆန်အိတ် ၃၀ ပေးမယ်ဆိုလည်း မရဘူး၊ ပိုက်ဆံပဲရချင်တယ်ဆိုလို့ အမျိုးတွေက ကြံဖန်ပြီးရှာပေးလိုက်ရတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ငွေကြေးဘယ်လောက်ပေးပြီး လွတ်လာခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါ ရွာအနီးမှာ ရှမ်း၊ ပလောင်နဲ့ ကချင်တို့ ရဲ့လမ်းကြောင်းတွေရှိပြီး ငွေတောင်းတဲ့အဖွဲ့ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

မိုးမိတ်မြို့နယ်အတွင်းမှာ အခုလို ပြန်ပေးဆွဲတဲ့သဘောအနေနဲ့ ဖမ်းဆီးငွေတောင်းခံတာမျိုး အရင်ကမရှိခဲ့ဘူးလို့သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular