Sunday, May 28, 2023
HomeLead Storyအရာတော်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်တပ်က ဝင်စီး

အရာတော်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်တပ်က ဝင်စီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို စစ်တပ်က အောက်တိုဘာ ၂၂ ရက် မနက် ၄ နာရီလောက်မှာ  ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ညောင်ပင်ကန်လမ်းကနေ အိမ်စီးဒိုင်နာကားတွေနဲ့လာတယ်။ နောက်ပြီးရွာသားတချို့ကို ဖမ်းပြီး စခန်းရှိရာကို လိုက်ပြခိုင်းတယ်။ ရွာသားတချိုု့တဝက်က  ထွက်ပြေးနိုင်သလို၊ တချို့တဝက်က  ပိတ်မိနေခဲ့တယ်ဗျ။ လောလောဆယ်တော့ ဘယ်သူတွေ အဖမ်းခံရလို့၊ ဘာတွေ ဖြစ်မလဲ မသိသေးရဘူးဗျ။ ကျနော်တို့အဖွဲ့တွေကတော့ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်ဗျ။ လက်ရှိ အချိန်မှာ ဒီကောင်တွေ ရလိုက်တာက စခန်းလောက်ပဲရမယ်ဗျ။ ဘာပစ္စည်းမှ ဒီကောင်တွေ မရဘူး။ နောက်ပိုင်း ဘာသိမ်းမိတယ်၊ ညာသိမ်းမိတယ်ဆိုပြီး ညာပြီးတက်ပြကြဦးမယ်ဆိုတာ ကျနော်တို့ ကြိုသိနေတယ်ဗျ”လို့ ဒေသခံ PDF အဖွဲ့ တစ်‌ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အရာတော်နယ်အတွင်း အောက်တိုဘာ ၂၀ ရက် ည ၁၂ နာရီ လောက်ကလည်း ကျေးရွာတစ်ရွာက အိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

လက်ရှိစစ်ကောင်စီတပ်တွေက အရာတော်မြို့နယ် တောင်လတ်၊ ကန်ရင်း၊ မလဲသာ၊ ညောင်ပင်ကျေးရွာတွေဘက်မှာလည်း အင်အားအလုံးအရင်းဝင်ရောက်နေတဲ့ အကြောင်းနဲ့  အရာတော်ပိုင်ရွာလမ်းတွေက မဟုတ်ဘဲ မထင်မှတ်ထားတဲ့ ကျေးရွာတွေဘက်ကနေ  ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular