ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ CDF (မင်းတပ်)နဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF(မင်းတပ်)က အောက်တိုဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၁၉ ရက် မနက် ၅ နာရီလောက်မှာ CDF(မင်းတပ်)က ဗုံးသီးတွေ၊ သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ညနေ ၆ နာရီလောက်မှာ မြို့နယ်မီးသတ်ရုံးမှာတပ်စွဲတားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂ ယောက်သေဆုံးပြီးတော့ ၄ ယောက်ဒဏ်ရာရရှိခဲ့တပ်လို့ဆိုပါတယ်။
စစ်တပ်က ပြန်လည်ပစ်ခတ်ပေမဲ့ CDF(မင်းတပ်)ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ သံချပ်ကာကား ၂ စီးအပါအဝင် စစ်ကား ၇၀ လောက်နဲ့ မတူပီအနောက်ဘက်လမ်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ မိုင်တိုင် အမှတ်(၂၃)မှာ ညအိပ်ရပ်နားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလို ညအိပ်ရပ်နားချိန်မှာ စစ်တပ်က ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာ၊ ဆိုလာပြားနဲ့အိုးခွက်ပန်းကန်တွေကို ခိုးယူခဲ့သလို ပြည်သူတွေ မွေးမြူထားတဲ့ နွားနောက် ၆ ကောင်ကိုသတ်ဖြတ်ပြီး ပေါင်သားတွေကို လှီးယူသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။