လူကာကူနှင့် တီမိုဝါနာတို့ ပွဲစဉ်အချို့ လွဲချော်နိုင်ဟု ချဲလ်ဆီးနည်းပြတူချယ် အတည်ပြု

ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ကြတဲ့ တိုက်စစ်မှူးလူကာကူနဲ့ တီမိုဝါနာတို့ နှစ်ဦးဟာ ပွဲစဉ်တချို့ကို လွဲချော်နိုင်ကြောင်း နည်းပြတူချယ်က အတည်ပြုလိုက်ပါတယ်။
သူတို့ နှစ်ဦးဟာ မယ်လ်မိုကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းကတည်းက နှစ်ဦးစလုံး ဒဏ်ရာကြောင့် လူစားလဲခံခဲ့ကြရတာပါ။
လူကာကူဟာ ပွဲချိန် ၂၃ မိနစ်ကတည်းက ခိုင်ဟာဗက်ဇ်နဲ့လူစားလဲခဲ့ရပြီး တီမိုဝါနာက ၄၄ မိနစ်မှာ ဟက်ဆန်အိုဒွိုင်းနဲ့ လူစားလဲခံခဲ့ရတာပါ။
လူကာကူနဲ့ ဝါနာတို့ နှစ်ဦးဟာ ပြိုင်ဘက်အသင်းတွေကို အန္တရာယ်ပေးနိုင်သူတွေဖြစ်ပြီး သူတို့မပါဝင်နိုင်တဲ့ပွဲစဉ်အတွက် အဖြေတစ်ခုရှာရမှာဖြစ်တယ်လို့ သောမက်စ်တူချယ်က ပြောပါတယ်။
တစ်ဖက်မှာတော့ တခြားကစားသမားတွေအတွက် ပွဲထွက်ခွင့်ရ နိုင်တဲ့အခွင့်အရေးဖြစ်ပြီး တခြားကစားသမားတွေဟာလည်း သူတို့နေရာမှာအစားထိုးနိုင်တယ်ဆိုတာ ပြသကြလိမ့်မယ်လို့ နည်းပြတူချယ်ကပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့် စနေနေ့မှာ နောဝှစ်ချ်နဲ့ကစားဖို့ရှိပြီး နောက်ထပ် ၃ ရက်အကြာမှာ ဆောက်သမ်တန်နဲ့ လိဂ်ဖလားပွဲစဉ် ကစားသွားရမှာဖြစ်ပါတယ်။