သာစည်မြို့နယ်၌ နှစ်ရက်အတွင်း နေရာ ၃ ခု ဗုံးပေါက်

မန္တလေးတိုင်း သာစည်မြို့ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ ညက နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က အမှတ် ၅ ရပ်ကွက်နေ ကြံခိုင်ရေးပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်နဲ့ အမှတ် ၁ ရပ်ကွက်နေ ကြံခိုင်ရေးပါတီဝင် တစ်ဦး နေအိမ် တွေမှာ ဗုံးပေါက်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်ညကလည်း ညောင်ရမ်းရွာ မိုးညှင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထိခိုက်မှု အနည်းအကျင်းလောက်ပဲ ရှိတယ်။ အိမ်တွေကတော့ အနည်းငယ်ပျက်စီးတယ်။ လူတွေကတော့ အစအနစင်တာ လောက်ပဲ ဖြစ်သွားတယ်။" 

အခုလို ဗုံးပေါက်တာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါ။

More News
Up