Home
မြန်မာသတင်း
ထားဝယ်ပူးပေါင်းသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ၊ ဆန္ဒပြသူအချို့ ထိခိုက်ဒဏ်ရာရ
DVB
·
October 21, 2021
247419742_622602345439152_8871581924785383293_n
247233437_622602148772505_8229516231424304552_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မြို့မရဲစခန်းအနီး  နိဗ္ဗာန်လမ်းတလျှောက်မှာ  အောက်တိုဘာ ၂၀ ရက်ညနေ ၅ နာရီခွဲလောက်က ဒေသခံတော်လှန်ရေးလူငယ်များပူးပေါင်း သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြနေစဉ် အရပ်ဝတ် စစ်ကောင်စီရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းခဲ့တယ်လို့ သပိတ်ပါဝင်သူ လူငယ်တွေက ပြောပါတယ်။

“စုရပ်ကနေထွက်လာပြီး မိနစ်ပိုင်းလောက်မှာပဲ စစ်ကောင်စီလက်ပါးစေ ရဲသား နဘုလယ်သား (ခေါ်) ကိုဝေယံဦးက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီး ရောက်ချလာပြီး ကျနော်တို့ကို သေနတ် ၁၀ ချက်ပစ်တယ်။ သေနတ်ကတော့ မထိဘူး။ ကျနော်တို့ ဝရုန်းသုန်းကား ပြေးကြတော့ ဆိုင်ကယ်တိုက်မိတာတွေ ရှိတယ်။ ခြေထောက်တွေ ထိခိုက်ဒဏ်ရာရတယ်”လို့ သပိတ်ပါဝင်သူ တစ်ဦးက ပြောပြပါတယ်။

သပိတ်စစ်ကြောင်းဖြိုခွင်းခံရသူတွေဟာ အချိန်မီလူစုခွဲနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မရှိပေမဲ့   တော်လှန်ရေးဆိုင်းဘုတ်တချို့ သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024