မုံရွာ ရဲစခန်းအပါအဝင် ၃ နေရာ ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၂၀ ရက် ညပိုင်း ၈ နာရီခွဲလောက်က ရဲစခန်းတွေအပါအဝင် နေရာ ၃ နေရာ ဗုံးပစ်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ်(၁)ရဲစခန်း ၊ အမှတ်(၂)ရဲစခန်း နဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတို့မှာ  ဗုံးပေါက်ခဲ့တာ ဖြစ်ပြီး PDF - South Monywa  အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ  ထိခိုက်တာ မရှိပေမဲ့ အမှတ် (၁) ရဲစခန်းနဲ့ အမှတ်(၂)ရဲစခန်းတွေမှာတော့ ထိခိုက်သေဆုံးရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

PDF - South Monywa အနေနဲ့ မုံရွာမြို့က နေရာ ၅ ခုမှာ ဗုံးဖောက်ဖို့ လုပ်ပေမယ့် ၂ နေရာ မအောင်မြင်ဘူးလို့ သိရပါတယ်။

More News
Up