Home
မြန်မာသတင်း
မန္တလေးမြို့က တရားရုံးနှစ်ခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲ
DVB
·
October 20, 2021
245064062_1490926031293212_4104553572149192495_n

မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ် တရားရုံးနဲ့ မန္တလေးခရိုင် တရားရုံးတို့ အပြင်ဘက်မှာ အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း၊ ၃၃ လမ်းနဲ့ ၃၅ လမ်းကြားက မန္တလေးခရိုင်တရားရုံးရဲ့ အပြင်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်တရားရုံးမှာလည်း ရုံးအပြင်ဘက်မှာ ပေါက်ကွဲတာဖြစ်ပြီး ရုံးပိတ်ရက်ဖြစ်တဲ့အတွက် လူအထိအခိုက်မရှိဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ဆိုပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်အခွန်ရုံး၊ မဟာအောင်မြေမြို့နယ်အခွန်ရုံး နဲ့ ချမ်းအေးသာစံမြို့နယ်အခွန်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024