Pfizer ကိုဗစ်ကာကွယ်ဆေးကို ကလေးများ အသုံးပြုနိုင်ရန် EMA အကဲဖြတ်နေ

ဥရောပသမဂ္ဂရဲ့ ဆေးဝါးစည်းမျဉ်း ကြီးကြပ်ရေးဌာန (EMA) က Pfizer   ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် အသုံးပြုနိုင်ဖို့ စအကဲဖြတ်နေပြီလို့ အောက်တိုဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

Pfizer နဲ့ ဂျာမန်ဆေးဝါးလုပ်ငန်း ဘိုင်အိုအန်တက်ခ်တို့ဟာ သူတို့ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးကို ကလေးငယ်တွေအတွက် သုံးဖို့ အထောက်အကူဖြစ်မယ့် သတင်း အချက်အလက်တွေကို အရင်အပတ်က တင်သွင်းခဲ့ပါတယ်။

ပါဝင်စမ်းသပ်ခံသူ ၂,၂၆၈ ယောက်ကို လက်တွေ့စမ်းသပ်ချက်အရ ကာကွယ်ဆေးဟာ ငါးနှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေဆီမှာ အားကောင်းတဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို ဖြစ်ပေါ်စေတာ တွေ့ရတယ်လို့ ကုမ္ပဏီက အရင်လက ပြောပါတယ်။

စမ်းသပ်နေဆဲ လက်တွေ့စမ်းသပ်ချက်က ရလဒ်တွေ အပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သုံးသပ်မယ်လို့ EMA က ပြောပါတယ်။

လောလောဆယ် ကာကွယ်ဆေးကို အဆိုပြု အသက်အုပ်စုအတွက် ခွင့်မပြုသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် ဒီကာကွယ်ဆေးကို သုံးခွင့်ပြုထားပါတယ်။

EMA ရဲ့ လူ့အတွက် ဆေးဝါးကော်မတီက ထင်မြင်ချက်ကို ဥရောပကော်မတီဆီ လက်ဆင့်ကမ်း ပေးပို့မှာ ဖြစ်ပြီး ဥရောပကော်မရှင်က ဒီကိစ္စအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up