ဘရုဂျက်ကို အနိုင်ယူရန် ကွန်ပနီထံမှ အကူအညီရယူခဲ့ဟု မန်တီးစီးနည်းပြပြော

ဘယ်လ်ဂျီယံကလပ် ဘရုဂျက်ကို အနိုင်ယူဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်း ဗင်းဆင့်ကွန်ပနီဆီကနေ အကူအညီရယူခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ကွန်ပနီဟာ မန်စီးတီးကနေ ထွက်ခွာပြီးနောက် ဘယ်ဂျီယံကလပ် အန်ဒါလက်ချ်မှာ နည်းပြချုပ်အနေနဲ့ တာဝန်ယူကိုင်တွယ်နေတာပါ။
ဘရုဂျက်ဟာ ချန်ပီယံလိဂ်အဖွင့် ၂ ပွဲမှာ ပီအက်စ်ဂျီကို တစ်ဂိုးစီ သရေကစားခဲ့သလို လိုက်စ်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။
ဒါကြောင့် ပွဲမတိုင်ခင်မှာ ကွန်ပနီဆီကနေ အကူအညီရယူခဲ့ပြီး ကွန်ပနီက ဘရုဂျက် အသင်းအကြောင်းကို ပိုမိုသိရှိသူဖြစ်လို့ အချက်အလက်တချို့ရ ရှိခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
“သူက ဧရိယာထိပ်ရောက်ရင် သတိပြုဖို့ပြောပြတယ်။ မြန်တဲ့ ခံစစ်မှူးတွေရှိတယ်၊ အထူးသဖြင့် ဘယ်ခြမ်းမှာလို့ ပြောတယ်။ ကျနော်တို့ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။”
မန်စီးတီးဟာ ဘရုဂျက်ကို ၅ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့လို့ ရမှတ် ၆ မှတ်ရရှိထားပြီး အုပ်စု ပထမနေရာက ပီအက်စ်ဂျီနဲ့ ၁ မှတ်အကွာ၊ အုပ်စု ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။